
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အင်္ဂလိပ်စာတန်းထိုး ဂျပန်ရုပ်ရှင်ပွဲတော်ကိုတင်ဆက်ပြသပါမည်။ ထင်ပေါ်ကျော်ကြားလာသည့် ဂျပန်ရုပ်ရှင်မင်းသမီး Riko Narumi ကို အသားပေးဖေါ်ပြသွားမည် ဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇာတ်ကားနှစ်ကားကို ပြသသွားမည်ဖြစ်ပါသည်။
• ဝင်ကြေးအခမဲ့၊ ကြိုတင်စာရင်းပေးစရာမလိုပါ။
• နိုင်ငံသားစီစစ်ရေးကတ်ပြားကို သံရုံးဂိတ်တွင်ပြသရန် ယူဆောင်လာရပါမည်။
၁။ Shodo Girls!!
Ehime ခရိုင်ဒေသရှိ Shikoku Chuo City ဟုခေါ်သော အကောင်းဆုံးစက္ကူထုတ်လုပ်သည့် မြို့ကလေးပေါ်မှာ အခြေခံပြီးရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပါသည်။ သို့သော်လည်း စီးပွားရေး ကျဆင်းလာသည့်အတွက်ကြောင့် မြို့ကလေး၏ ချမ်းသာကြွယ်ဝမှုလည်း တဖြည်းဖြည်းချင်း ဆုတ်ယုတ်သွားခဲ့ရပါသည်။ Satoko နှင့်သူငယ်ချင်းတစ်စုသည် မိမိတို့၏မွေးရပ်မြေကို ပြန်လည် အသက်ဝင်လှုပ်ရှားလာစေရန်နှင့် မြို့သူမြို့သားများ ရွှင်လန်းတက်ကြွလာစေရန်ရည်ရွယ်၍ ”Shodo” ခေါ် စုတ်တံလက်ရေးလှပညာ ပြိုင်ပွဲကျင်းပပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
Satoko တို့သည် လက်ရေးလှပညာပြိုင်ပွဲနေ့တွင် အတူတကွပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဇာတ်ခုံပေါ်တွင်မိမိမွေးရပ်မြေကိုအလွန်အလေးအနက်ထားသော စိတ်အားထက်သန်မှုများစွာဖြင့်
”Shodo” လက်ရေးလှပညာကို ဖေါ်ကျူးပြီး အံ့သြဖွယ်ဖြစ်ရပ်တစ်ခုဖြစ်စေနိုင်ခဲ့ပါသည်။
နေ့ရက်။ ။ (ဗုဒ္ဓဟူးနေ့) ၁၆ ရက် ဇူလိုင်၊ ၂၀၁၄
အချိန်။ ။ ညနေ ၅း၃၀ နာရီ
နေရာ။ ။ Assembly Hall မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
(၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်း


၂။ Bushido Sixteen
ယခုတစ်ခါပြသမည့်ရုပ်ရှင်ကားတွင် ကျောင်းသူကလေးနှစ်ဦး၏ မတူညီသော အကျင့်စရိုက် များဖြင့် Kendo (ဂျပန်ဓါးသိုင်း အားကစားနည်း) ကစားကြပုံကို သရုပ်ဆောင်ထားသော ဇာတ်ကား ဖြစ်ပါသည်။ သူတို့နှစ်ဦးဟာ Kendo ကစားနည်းဖြင့်တိုက်ခိုက်ရင်း အရင်းနှီးဆုံးပြိုင်ဘက် ဖြစ်သွားခဲ့သည်။
နေ့ရက်။ ။ (စနေနေ့) ၁၉ ရက် ဇူလိုင်၊ ၂၀၁၄
အချိန်။ ။ နေ့လယ် ၂း၀၀ နာရီ
နေရာ။ ။ Assembly Hall မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
(၁၀၀)၊ နတ်မောက်လမ်း၊ ဗဟန်း
